Saturday, June 2, 2012

Pin It

Widgets

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များသို့ ....

တိုးတက်နေတဲ့ ယနေ့ခေတ်အခြေအနေမှာ လေ့လာမှတ်သားစရာတွေနဲ့ ပြည့်နှက်လို့နေပါပြီ .....။ အသက်အရွယ်လေး ရလာတော့ အမြင်အာရုံတွေမကောင်းတော့ပေမဲ့ Internet ပေါ်မှာတွေ့သမျှတွေက တကယ်လေ့လာချင်စရာ ကောင်းလှပါတယ် ....။

  • လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တွေကိုဘဲ လေ့လာမလား?
  • ဘာသာရေး၊ သာသနာရေးတွေကိုဘဲ စိတ်ဝင်စားမလား?
  • နည်းပညာ၊ အတတ်ပညာ တွေကိုဘဲ ဆည်းပူးမလား?
လေ့လာလို့ မကုန်နိုင်အောင်ပါဘဲ .....။

ကွန်ပျူတာပညာရပ်ကို နောက်ကျပြီးမှ လေ့လာသင်ကြားခဲ့ရပေမဲ့ မြန်မာမိသားစုဖိုရမ် သို့ဝင်ရောက်ပြီးတဲ့ အချိန်မှာတော့ အားရစရာကောင်းလောက်အောင် လေ့လာနိုင်ခဲ့ပါတယ်။ အချင်းချင်း ၀ိုင်းဝန်းဆွေးနွေး အဖြေထုတ်ကြတာတွေကို ဖတ်ရှုလေ့လာခဲ့ရတော့ တကယ်တန်ဖိုးရှိတဲ့ နေရာလေးတစ်ခု ဆိုတာ မှတ်ကျောက်တင်ခဲ့မိပါတယ် ....။


အဲဒီကမှတစ်ဆင့်
ကိုညီနေမင်း
ကိုနေမင်းမောင်
တို့ရဲ့ Website တွေကို ၀င်ရောက်လေ့လာခဲ့မိတဲ့ အချိန်မှာတော့ အများအတွက် အချိန်တွေပေးပြီး ရေးသားနိုင်ကြတဲ့ သူတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကို တကယ်လေးစား အားကျမိပါတယ်။

နောက်ပိုင်း သူများတွေလို နည်းပညာတွေ မရေးတတ်ပေမဲ့ ကိုယ်ပိုင်မှတ်စုလို့ဘဲ ပြောပြော၊ လာရောက်ဖတ်ရှုတဲ့ မိတ်ဆွေများအနေနဲ့ အဆင်သင့် လေ့လာစရာနေရာတွေကို သွားရောက်နိုင်အောင် လို့ဘဲဆိုဆို၊ ကိုယ်ပိုင် Blog လေးတစ်ခုလောက် စမ်းရေးချင်စိတ် ပေါက်ခဲ့မိပါတယ်။

ဒီတော့ Blog နဲ့ပတ်သက်ပြီး လေ့လာတဲ့နေရာမှာ တကယ့်ကိုနည်းပညာအဆင့် မြင့်မားပြီး စိတ်ရှည်လက်ရှည် အချိန်ပေးရှင်းပြထားတဲ့
kp3မိသားစု

ရဲ့ စေတနာတွေကို အံ့မခန်း တွေ့ခဲ့ရပါတယ်။

ဒါတွေက ကျွန်တော့်အတွက် ရင်ထဲမှာ တကယ့်ကို အမှတ်ရနေတဲ့ နေရာလေးတွေပါ။ ဒီနေရာလေးတွေကို ဖန်တီးခဲ့ကြတဲ့ သူတွေဟာလည်း ကျွန်တော့်ဘဝအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တွေပါဘဲ။

တစ်ခြားလေ့လာ ဖတ်ရှုခဲ့ရတဲ့ စာတွေလည်း ရှိပါသေးတယ် ....။ ဘာဘဲဖြစ်ဖြစ် Network ကနေ ကိုယ်မသိသေးတဲ့ နည်းပညာ၊ အတတ်ပညာ တစ်ခုခုကို သိခဲ့၊ တတ်ခဲ့မယ်ဆိုရင် အဲဒီလူဟာ ကိုယ့်အတွက် တော့ ဆရာတစ်ဆူးလို့ဘဲ ကျွန်တော်ခံယူမိပါတယ်။
freeidea2012

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top